25 C
Yangon

တန့်ဆည်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော်တော်ယာဉ် အမြောက်အမြား သိမ်းဆည်းရရှိ

Must read

တန့်ဆည်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော်တော်ယာဉ် အမြောက်အမြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်မော် တော်ယာဉ် အမြောက်အမြား သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းအား ယနေ့ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နှင့် ပျူစောထီး များ အခြေပြုရာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်၍ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း ၃၊ ၆၊ ၁၂၊ ဗျုဟာ ၅၂ မှ ရွှေဘိုခရိုင်တပ်ရင်း ၇၊ ၈၊ ၁၆နှင့် စစ်ကိုင်း ခရိုင် တပ်ရင်း ၃ တို့ပူးပေါင်းလျက် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ရန်သူ့တပ်၏ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်လေတပ်တို့မှ လာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်နှင့်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ ၁၁၊ ၇၀၈၊ ပျုစောထီး ပူးပေါင်းအင်အားများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ အားလုံး ကံထူးမရဲစခန်းကို စွန့်ခွာထွက်ပြေးသွားသည့်အတွက် ကံထူးမရဲစခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး G-3 ၅ လက်၊ နာနတ်သီးဗုံး ၄ လုံး၊ MA-15 ကျည် ၁၆၃၅ တောင့်၊ ကျည်အိမ် ၁၂ ခု၊ ကျပ်ငွေ ၃၈ သိန်းနှင့် မော်တော်ယာဉ် အမြောက်အမြားသိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၁၈ ဦးသေဆုံးပြီး စစ်သား ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ PDF ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article