32 C
Yangon

မံစီတွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စစ်စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက်အပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် အဆိုပါစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့တွင် မံစီမြို့နယ်၊ မဂျီဂုံ စစ်တပ်၏ ဗျူဟာကုန်းစခန်းကို KIA က အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းမှ ဟောင်ဝစ်ဇာအမြောက် လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“၁၀၅ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်ရတယ်။ လက်နက်ခဲယမ်းတွေနဲ့ လက်နက်ကြီးတွေလည်း သိမ်းဆည်းရရှိတယ်။ လက်နက်ကြီးကျည်တွေက မြေအောက်တွင်းမှာ အများအပြား ကျန်ရှိသေးတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က သိမ်းပိုက်ရရှိခဲ့သော အဆိုပါစခန်းတွင် စစ်ကောင်စီ၏ ခလရ၁၀၂၊ ခလရ ၂၅၀ ၊ ခမရ ၄၂၇ တပ်ရင်း ၃ ခု အထိုင်စခန်းချထားခြင်းဖြစ်ကြောင်း၊ စစ်တပ်က အခိုင်အမာတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article