25 C
Yangon

ယူကေတွင် စီးပွားရေးပညာရှင် ရှောင်တာနယ် နှင့် မြန်မာမိသားစုတွေ့ဆုံပွဲ လူပေါင်း ၃၀၀ ကျော်တက်ရောက်

Must read

ရန်ကုန် ၊ မတ် ၅

ယူကေနိုင်ငံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတေးလျ နိုင်ငံသား ရှောင်တာနယ် နှင့် ယူကေရောက် မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲကို မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ရာ လူပေါင်း ၃၀၀ ရာကျော် တက်ရောက်ခဲ့တယ်လို့ ယင်းပွဲစီစဉ်သူများ ထံမှ သိရသည်။

အဆိုပါပွဲတွင် စီးပွားရေးပညာရှင် ရှောင်တာနယ်က စာအုပ်ပါ အတွေ့အကြုံများကို ခေါင်းစဥ်လေးများခွဲပြီး ဟောပြောသွားကြောင်းယင်းထဲတွင် သတ္တိ နှင့် ကရုဏာ ၊ ရက်စက်ကြမ်းကြုတ်မှု အခြေအနေများ၊ နောက်ဆက်တွဲရလဒ်များ စသဖြင့်ပြောကြားခဲ့ကြောင်း ပွဲစီစဉ်သူများကပြောသည်။ ပွဲအပြီးမှာတော့ postcard နှင့် bookmark ဝေပေးပြီး တက်ရောက်လာသူများကို မစ္စတာရှောင်တာနယ်က အမှတ်တရ လက်မှတ်ထိုးပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးအကြံပေး ရှောင်တာနယ် နှင့် မြန်မာမိသားစု တွေ့ဆုံပွဲကို Spring Development Bank နှင့် NUG Representative Office UKတို့က စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့် မတ် ၁၀ ရက်နေ့တွင် စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံရန်ရှိနေပြီး ယင်းပွဲတွင် ရှောင်တာနယ်က သူစာအုပ်ဖြစ်သည့် An Unlikely Prisoner စာအုပ်ကို လက်မှတ်ရေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စင်ကာပူတွင်ပြုလုပ်မည် တွေ့ဆုံပွဲကို စင်ကာပူရောက် မြန်မာ အယောက် ၅၀၀ မှ တက်ရောက်ရန်အတွက် လက်မှတ်ဝယ်ထားကြောင်း စီစဉ်သူများ ထံမှ သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article