37 C
Yangon

ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က‌ လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၇၀ အရွယ် အဘိုးအို ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီး

Must read

ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က‌ လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၇၀ အရွယ် အဘိုးအို ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီး

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်း မှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ်အဘိုးအိုတစ်ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်ကနီမြို့နယ် တောင်ဘက် ၁ မိုင်ခန့်အကွာအဝေးရှိ မင်း ကုန်းရွာနှင့် တဇယ်ချောင်ရွာကို ကလေးမြို့မှ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် ၂ စီးဖြင့်လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် တံတားဦးမှ တက်လာသည့် တိုက်လေ ယာဉ်ဖြင့် လည်းကောင်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် ဦးဉာဏ်ပွင့် နေရာမှာပင် သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ် ၁၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီက၂ စီးတစ်ခါ။ ညနေ ၄ နာရီက ၂ စီးတစ်ခါ ပစ်လဲ ပစ်တယ်၊ ဗုံးကျဲတာလဲ လုပ်တယ်၊ နေ့ခင်း ၁၂ နာရီကလာ ပစ်တဲ့ လေယာဉ်က ကလေးမြို့ကနေ လာပစ်တဲ့ Mi 35 လေယာဉ် ၂ စီးဗျ။ ၂ စီး စလုံးက ကနီမြို့ပေါ်ကနေ မြို့ဘေး ပတ်ပတ်လည်ကို နာရီဝက်လောက် ပစ်ခတ်ပြီးပြန်သွား တယ်။ ညနေ ၄ နာရီအချိန် လာပစ်တဲ့ လေယာဉ်က မန္တလေး၊ တံတားဦးကနေ လာဗုံးကျဲ တာဗျ။ ညနေပိုင်းကျဲတာကတော့ မင်းကုန်းရွာမှာ ၂ လုံး၊ တဇယ်ချောင်ရွာမှာ၂ လုံးဗုံးကျဲခဲ့တာ။ မင်းကုန်းရွာ ကို ဗုံးကျဲတဲ့ ၂ လုံးက ရွာအတွင်းကျပြီး အသက် ၇၀ လောက်ရှိတဲ့ ဦးဉာဏ်ပွင့် နေရာတင်‌သေဆုံး တယ်၊ နောက်ထပ် ပြည်သူ ၄ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။နောက်ပြီး နွား ၅ ကောင်လည်း သေတယ်ဗျ။ တဇယ်ချောင်ရွာကတော့ လူနေအိမ် ၇ လုံးပျက်စီးတယ်။လူထိခိုက်မရှိဘူး” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂ ရက်နေ့မှစတင်၍ မတ်လ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်နေသဖြင့် ကျေးရွာ ၆ ရွာမှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article