31 C
Yangon

ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ ပေါက်မြို့နယ်တွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ ပေါက်မြို့နယ်တွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့ အဝင်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Daung Minn Thar -Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့ အနောက်ဘက် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး လိုက်ပါလာသော စစ်ကား ၁ စီးအား သံတောင်မြောက်ပိုင်း အထူးဒေသ UG အဖွဲ့က ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကားခေါင်းခန်းတွင် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးနှင့် နောက်ခန်းတွင် လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို စစ်ကားသည် ခမရ ၈၄ တပ်ရင်းမှ လက်နက် ပစ္စည်း ရိက္ခာ တင်ဆောင်လာသော ထောက်ပို့ယာဉ် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရေတာရှည်မြို့နယ်ရုံး ရဲစခန်းထဲမှ စစ်ကောင်စီ တပ်သားများက စစ်ကားကို လာရောက် ဆွဲယူဆောင်သွားကြောင်း သိရပါသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ၅ ဦးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးသွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂ ရက် နံနက် ၈ နာရီခန့်က ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးကျေးရွာမှ ရွာ၏ တောင် ဘက်သို့ ထွက်လာသော ပျူစောထီး ၅ ဦးကို မီတာ ၈၀၀ ခန့်အကွာအဝေးနေရာ အရောက် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး မိုင်းဆရာ တစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင်ပကဖနှင့် BLYပြောက်ကျားတပ်ဖွဲ့ (ပေါက်ပကဖ) တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော ပျူစောထီးမိုင်းဆရာ၏ အလောင်းအသားစများကို ပုဆိုးဖြင့် ထုပ်ယူသယ်ဆောင်သွားကြောင်း မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article