25 C
Yangon

TNLA သိမ်းပိုက်ထားသော မြိုနယ် ၃ ခုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှု TNLA က လက်မခံဘဲ ကန့်သတ်ချက်အမိန့်များအားလုံး ရုပ်သိမ်းဟု ပြန်လည် ကြေညာ

Must read

ရန်ကုန်၊ မတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းပိုက်ထားသော မြိုနယ် ၃ ခုတွင် စစ်ကောင် စီက စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုကို TNLA က လက်မခံဘဲ ကန့်သတ် ချက်အမိန့်များအားလုံး ရုပ်သိမ်းလိုက်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ မြိုနယ် ၃ ခုတွင် စစ်ကောင်စီက ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

စစ်ကောင်စီ၏ ထိုကြေညာချက်သည် တအောင်းပြည်နယ်အတွင်း ဒေသခံပြည်သူလူထုကို ထိတ်လန့်စေသည့်အတွက် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်များအပါအဝင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချမှတ်ခဲ့သည့် ကန့်သတ်ချက်များ၊ အမိန့်များအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ယနေ့ ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က ထိန်းချုပ်ပြီး စီမံအုပ်ချုပ်နေသည့် မြို ၇ ခုအတွင်း စီမံအုပ်ချုပ်ရေးလုပ်ငန်း တည်ငြိမ်တိုးတက်လာသည့်အတွက် ညမထွက်ရအမိန့်အပြင် စစ်ဆင်ရေးအတွင်း လိုက်နာရမည့်ကန့်သတ်ချက်များအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဟု TNLA က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် TNLA ထိန်းချုပ် လည်ပတ်နေသော မြိုများကို စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်လာသည့်အတွက် တအောင်းပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူလူထုများအနေဖြင့် စစ်ကောင်စီ၏ အမိန့်များကို လိုက်နာစရာမလိုဘဲ TNLA ၏ ထုတ်ပြန်များကိုသာ လိုက်နာရန် လိုအပ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။

TNLA သည် ၎င်းတိုသိမ်းပိုက်ထိန်းချုပ်နေသည့် မြိုရွာများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်လုပ်ငန်းများအပါအဝင် လောင်းကစားများကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့် စီမံအုပ်ချုပ်မှုတိုဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်ဟု ကြေညာထားသည်။

ယခု မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြိုနယ် ၃ ခုကို စစ်အုပ်ချုပ်ရေး မကြေညာခင် အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲတို တရုတ်နိုင်ငံ ကူမင်းမြိုတွင် တွေ့ဆုံခဲ့ကြပြီး ထိန်းချုပ်နယ်မြေကိစ္စရပ်များအပါအဝင် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သတင်းများထွက်ပေါ်နေသည်။

လက်ရှိ TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြိုနယ် ၃ ခု အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည့် မြိုနယ်ပေါင်း ၆၁ ခုရှိနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article