25 C
Yangon

ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထားပြီး ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူအားလုံးကို ပိတ်ဆို့ ဖမ်းဆီးကာ ရွာထဲ၌ စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ အနီးအနားနေ ကျေးရွာပြည်သူများမှ ပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“၁၅ ရက်လောက် သင်တန်းပေးလိုက်တဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေပေါင်းပြီး လှည့်လည်နေတာ၊ တစ်ပတ်လောက်ရှိပြီး၊ ရေလည်သောင်ကျေးရွာက ဘေးပတ်ပတ်လည်မှာလည်း စစ်သား၊ ပျူတွေ တပ်စွဲထားတာရှိတယ်ဆိုတော့ ရွာထဲကို ဝင်ဖမ်းတာပဲ သိရသေးဘတာ၊ နောက်ဆက်တွဲ အခြေအနေ တော့ မသိရသေးဘူး၊ ဖုန်းလိုင်းတွေကလည်း အဲဒီဘက်မရတော့ မေးရခက်တာလဲပါတယ်၊ လက်ရှိ အထိ ရွာထဲမှာ ဘုန်းကြီး၊ ကျောင်းစာသင်ကျောင်းတွေမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ယူဆရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ အုတ်ဖိုအရှေ့ကျေးရွာနေ ပြည်သူ ၂ ဦးကို စစ်ကောင် စီတပ်သားများက ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့ကလည်း ယင်း အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများက တလင်းကုန်း ကျေးရွာရှိ ပြည်သူ့နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရေလည်သောင်ကျေး ရွာ အပါအဝင် ကျေးရွာ ၈ ရွာ မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article