25 C
Yangon

ပခုက္ကူနှင့်မြိုင်မြို့နယ်တို့တွင် စစ်တပ်ဂိတ်နှင့် စစ်ကြောင်းတို့ကို ဒရုန်းဗုံး၊ လက်နက်ကြီး၊ မိုင်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

Must read

ပခုက္ကူနှင့်မြိုင်မြို့နယ်တို့တွင် စစ်တပ်ဂိတ်နှင့် စစ်ကြောင်းတို့ကို ဒရုန်းဗုံး၊ လက်နက်ကြီး၊ မိုင်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ဂိတ်နှင့် ထောက်ပို့စစ် ကြောင်းတို့ကို ဒရုန်းဗုံး၊ လက်နက်ကြီး၊ မိုင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကိုးပင်ချည်မျှင်ဂိတ်ရှိ အကြမ်း ဖက်စစ်သားများကို Fix Wing ဒရုန်းလေယာဥ်ငယ်များဖြင့် 1 kg ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မတ်လ ၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို Rc Plane လေယာဥ်ငယ်များဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအတွင်း အထိုင်ချနေသော အကြမ်းဖက် စစ်သားများကို ရော့ကတ် လက်နက်ကြီးဖြင့် အလုံးရေ ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မတ်လ ၅ ရက်နေ့တွင် ပခုက္ကူမြို့မှ ကမ္မမြို့သို့ ထွက်လာသော အ ကြမ်း ဖက် စစ်တပ် ထောက်ပို့ စစ်ကြောင်းကို လမ်းတလျှောက် လိုက်လံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတိုက်ခိုက်လို့ သေတဲ့ ၇ ကောင်ပဲ စာရင်း သိရသေးတယ်၊ ကျန်တဲ့ စစ်ခွေးဂိတ်တွေကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာက မသိရသေးဘူး၊ အခုတော့ အဲဒီစစ်ကြောင်းက ကမ္မမြို့ဘက်ကို ရောက်သွားပြီ” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Taty-Pku ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Thurain – TR ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Shwe Nyar Myae ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Black Cheaterနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force- UG Young Force – UG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကို ရိက္ခာပို့လာသည့် စစ်ကြောင်းကို အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ်၊စက်မှု ၂ မှကိုင်းတောမ စခန်းသို့ လက်နက်ခဲယမ်းရိက္ခာပို့ဆောင်ရန် အင်အား ၃၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းနှင့် ရိက္ခာတင်ကား ၇ စီးကို ကိုင်းတောမရဲစခန်း မရောက်မီ ပုသိမ် – မုံရွာလမ်းဘေးတစ်နေရာ အရောက် မီတာ ၇၀ ခန့်အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးနေရာမှာပင်ပွဲချင်း ပြီးသေဆုံးသွားကြောင်း သိရသည်။

“တိုက်ပွဲက မိနစ် ၂၀ လောက်ကြာတယ်၊ အနီးကပ်ပစ်ခွင့်ရတာ၊ ကျနော်တို့က အသာစီးကနေ ပစ်ခွင့် ရတာပေါ့၊ စက်မှု ၂ ကနေ ကိုင်းတောမကို စစ်ကြောင်းထိုးပြီးတော့ ရိက္ခာလာပို့တာ၊ ကိုင်းတော မစခန်းထဲရောက်ပြီးတော့ မြိုင်မြို့ဘက်ပြန်ထွက်သွားတယ်” ဟု Earthquake People’s Defence Force မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာမှ သွေးစွန်း နေသော အင်္ကျီ ၃ ထည်၊ သွေးများစွန်းနေသော ကျောပိုး အိတ် ၁ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ ကျော်ဝင်းထွဋ် နာမည်ပါ ကျောပိုးအိတ် ၁ လုံး၊ ဦးထုပ် ၁ လုံး၊ သွေးအိုင်များနှင့် ဆေးထိုးအပ်များတွေ့ရှိခဲ့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းအား ကိုင်းတောမရွာ လယ်အရောက် ပဒေသာမိုင်းပွိုင့် ၁ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ညနေ ၄ နာရီအချိန် ကိုင်းတောမရဲစခန်း အတွင်းသို့ ရောက်ရှိပြီး ရိက္ခာများ ချနေစဉ် ၄၀ မမဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင် ပကဖ ၊ မြိုင်ပကဖ အဖွဲ့ဝင်များဖြစ်သော တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ တပ်ခွဲ ၄ – စင်္ကြာ ၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့ ၊ Myaing UAV တပ်ဖွဲ့ ၊ ယူနီယံ ဘရားသားတပ်ဖွဲ့ ၊ Earthquake People’s Defence Force၊ ခရိုင်တပ်ရင်း ၂ နှင့် Pakokku People’s Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article