25 C
Yangon

ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈၀ အရွယ် အဖွားအို ၁ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈၀ အရွယ် အဖွားအို ၁ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၆ ရက်နေ့တွင် ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အသက် ၈၀ အရွယ် အဖွားအို ၁ ဦး ခြေတောက်ကို လက်နက်ကြီး ကျည်စ ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်များနှင့် ပြည်သူပိုင် ပစ္စည်းများလည်း ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ကလေးမြို့ နယ် နန်းဟံနွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ အသက်၈၀ အရွယ် အဘွားအို ၁ ဦး ခြေတောက်ကို လက်နက်ကြီး ကျည်စမှန်ပြီး သွေးထွက်လွန် သေဆုံးသွားတယ်။ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီ လက်နက်ကြီး ကျည်စတွေမှန်ပြီး အိုးခွက် ပန်းကန်တွေ နေအိမ်တွေလည်း ရစရာမရှိအောင် ပေါက်ပြဲ ပျက်ဆီးကုန်ပြီ” ဟု ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article