34 C
Yangon

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များ သိမ်းပိုက်

Must read

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များ သိမ်းပိုက်

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ဖွန်းပြန်ဘွမ်စခန်း၊ တာပိန်မြစ်တံတားစောင့်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၉ ခုကို KIA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့ သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီမှစတင်ပြီး မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ နေရာထက်မနည်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခိုက်ရာ စခန်း ၉ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော KIA က သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း ၉ ခုမှာ

၁-မလိ စစ်ကောင်စီစခန်း

၂-အင်လုံခ စစ်ကောင်စီစခန်း

၃-ရှဒန်ပါ စစ်ကောင်စီစခန်း

၄-ဘွမ်ရဲ ဘွမ် စစ်ကောင်စီစခန်း

၅-ခယာ စစ်ကောင်စီစခန်း

၆-ဖွန်းပြန် ဘွမ် စစ်ကောင်စီစခန်း

၇-တာပိန်မြစ် စောင့် စစ်ကောင်စီစခန်း

၈-ခလရ ၂၃၇ အနီး ကားကင်းစခန်း

၉-ဂွယ်ကထောင်ရွာ စစ်ကောင်စီစခန်း တို့ဖြစ်ကြောင်း သိရှိရသည်။

လာမည့်ရက်ပိုင်းအတွင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးမဟာမိတ် တပ်များက စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article