25 C
Yangon

စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်နေကြသည့်မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ကနေဒါနှင့်နယ်သာလန်သံရုံးတိုက အသိအမှတ်ပြု

Must read

ရန်ကုန်၊ မတ် ၈

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်နေကြသည့်မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ ကနေဒါနှင့်နယ်သာလန်သံရုံးတိုက အသိအမှတ်ပြု ကြောင်း အဆိုပါသံရုံးတိုက ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။

ယနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ထိုသို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ အမျိုးသမီးများသည် သူတို၏ မိသားစုများကို ထောက်ပံ့ပေး၊ စောင့်ရှောက်ပေးလျက်နှင့်ပင် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဒီမိုကရေစီတစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းမှုများကို ဆက်လက်ဦးဆောင်နေကြကြောင်း အဆိုပါသံရုံးများ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာအမျိုးသမီးများက နေ့စဥ်လုပ်ဆောင်ချက်များမှတစ်ဆင့် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီအနာဂတ် ရရှိစေဖို ကြိုးပမ်းခြင်း၏ အရေးပါမှုကို ပြသနေကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်မှုဒဏ်ကြောင့် ပို၍ ထိခိုက်လွယ်ကြကြောင်း၊ ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အခြေပြု အကြမ်းဖက်မှု အပါအဝင် လိင်အခြပြု အကြမ်းဖက်မှုနှင့် ကျား၊မ ဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှု ပုံစံများ အားလုံးကို နေရာတိုင်းတွင် တားဆီးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်ကြောင်း သံရုံးများ၏ ကြေညာချက်က ဆိုသည်။

တစ်ချိန်တည်းမှာပင် အဆိုပါ အကြမ်းဖက်မှုများတွင် ရှင်သန်ကျန်ရစ်သူများအတွက် အကူအညီ အထောက်အပံ့များ လက်လှမ်းမီစေရေးကို တိုးတက်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဥ်များတွင် အမျိုးသမီးများ၏ ပါဝင်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို တည်ဆောက်နိုင်ရန် လွန်စွာ အရေးပါကြောင်း၊ နောက်ခံအခြေအနေ အမျိုးမျိုး၊ စွမ်းဆောင်ရည် အမျိုးမျိုး ရှိကြသော အမျိုးသမီးများနှင့် မိန်းက‌လေးငယ်များ အားလုံးသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ ကျား၊မ တန်းတူညီရေးကို မြှင့်တင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စွမ်းရည်မြှင့်တင်ပေးရန် ချမှတ်ထားသည့် သံန္နိဌာန်များ ဆက်လက်၍ ခိုင်ခိုင်မာမာရှိနေကြောင်း သံရုံးများက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ – ဆေးကုသမှုပေးနေသည့် မန္တလေး PDF တပ်ဖွဲဝင် အမျိုးသမီး ရဲဘော် ကျန်းမာရေးဝန်ထမ်းတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဆေးကုသမှုပေးနေသည့် မန္တလေး PDF တပ်ဖွဲဝင် အမျိုးသမီး ရဲဘော် ကျန်းမာရေးဝန်ထမ်းတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article