26 C
Yangon

ဟိုပုံးမြို့နယ်၊ ကျောက္ကဆားကျေးရွာကို စစ်တပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီး

Must read

ရန်ကုန်၊ မတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ကျောက္ကဆားကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထက်မနည်းပျက်စီးကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံ က သိရသည်။

ယနေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီခန့်ကဟိုပုံးမြို့နယ်၊ ကျောက္ကဆားကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် ဦးခွန် ထွန်း သေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျောက္ကဆားကျေးရွာ သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာမဟုတ်သည့်အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် – PNLA က တပ်စွဲထားသည့်နေရာလည်းမဟုတ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article