25 C
Yangon

မြ၀တီမြို့၊ သဘာ၀တရားရိပ်သာဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အဘိုးအို ၂ ဦး သေဆုံးပြီး သက်ကြီးရွယ်အို ၇ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သဘာ၀တရားရိပ်သာဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ရိပ်သာတွင် ခိုလှုံနေသည့် အဘိုး ၂ ဦးသေဆုံးပြီး အဘိုးအဘွား သက်ကြီးရွယ်အို ၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မြ၀တီမြို့နယ်၊ ရွာသစ်ကျေးရွာ၊ နယ်စပ်ကုန်သွယ်ရေးဇုန်အနီးရှိ သဘာ၀ တရားရိပ်သာဆေးရုံကို တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲချမှုကြောင့် ရိပ်သာဆရာတော် ၏ အဆောင်နှင့် ဆေးရုံအဆောင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲပြီး အဘိုး ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ကျန် ၇ ဦးမှာလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အဘိုးအဘွားတွေကို မစာမနာ ဗုံးကျဲချတာ။ လေယာဉ်နဲ့ ကျဲချတာ။ အဘိုး ၂ ဦးကတော့ ပွဲချင်းပြီး ဆုံးပါတယ်။ ကျန် ၇ ဦး ဒဏ်ရာရတယ်။ အဘိုးအဘွားတွေ အကုန်လန့်နေကြတယ်” ဟု ဒေသပရဟိတသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသော အဘိုးအဘွားများကို ဆေးရုံတင် ပို့ဆောင်ကုသထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article