26 C
Yangon

ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှ ခလရ ၁၄၂ တပ်ရင်းမှ စစ်သည်နှင့်အရာရှိများ အလံဖြူထောင် လက်နက်ချ၊ မြစ်ကြီးနား-ပူတာအိုလမ်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ခလရ ၁၄၂ တပ်ရင်းမှ စစ်သည်နှင့်အရာရှိများ ယနေ့ အလံဖြူထောင် လက်နက်ချကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတပ်စခန်းကို ယမန်နေ့ မတ်လ ၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ချလာခြင်းဖြစ်ကြောင်း၊ တပ်ရင်းတစ်ခုလုံးကို နယ်မြေရှင်းလင်း မီးရှို့လိုက်ပြီး လက်နက်ချ အလင်းဝင်လာသူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေကြောင်း သိရှိရသည်။

“လက်နက်ချတာဟုတ်ပါတယ်။ စစ်သည်တွေနဲ့အတူ အရာရှိတချို့လည်းပါတယ်။ လူဦးရေ အရေအတွက် အတိအကျ မသိရသေးပေမယ့် တပ်ရင်းမှာ အင်အား ၈၀ ဦးလောက် လက်နက်ချတယ်လို့ ကနဦး သတင်းတွေရတယ်။ အတိအကျကတော့ မြေပြင်မှာ စိစစ်ပြီးမှပဲ သိနိုင်မယ်”ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ယနေ့တွင်လည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မြစ်ကြီးနား-ပူတာအိုလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို အလွန်အကျွံ့လုပ်ဆောင် လာကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၇ ရက်နေ့ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နေရာ ၁၂ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ပြီး ၉ ခုထက်မနည်းသော စစ်တပ် စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ ကချင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ ကချင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article