25 C
Yangon

ဖြူးမြိုနယ်၊ ကျေးရွာများသို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်း၊ ဖြူးမြိုနယ် ဘုရားလဟာရွာ၊ အင်ကွင်း ခြောက်အိမ်စုရွာများသို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးကာ ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၆ ရက်နေ့နှင့် မတ်လ ၇ ရက်နေ့များတွင် အကြမ်းဖက်စစ်တပ်၏ ခမရ-၄၃၉ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖြူးမြိုနယ်၊ ကျေးရွာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးကာ ၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့နေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားကာ နွား ၈ ကောင်သေဆုံးကြောင်း သိရှိရသည်။

” ၁၀နှစ်အောက်ကလေးနှစ်ယောက် အပါအဝင် ၆ ယောက် သေတယ်။ ၈ ယောက် ပြင်းထန်ဒဏ်ရာရတယ်။ အိမ် ၈လုံး မီးလောင်။ နွား ၈ကောင်သေတယ်။ ရွာသားတွေ ထွက်ပြေးနေရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

ဖြူးမြိုနယ်၊ အင်ကွင်းခြောက်အိမ်စုရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မဇင်မာနှင့် အသက် ၁၀ နှစ်အရွယ် မောင်မင်းခန့်လွင် တို မောင်နှမ နှစ်ဦး သေဆုံးသွားပြီး မိဘ နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဘုရားလဟာရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ထိမှန်မှုကြောင့် အသက် ၈ နှစ်အရွယ် မောင်ဖြိုးပြည့်စုံ အပါအဝင် မခင်နွယ်ဦး၊ မသင်းသင်းထွေး၊ မောင်ထက်မြတ်အောင်တို ၄ ဦး သေဆုံးခဲ့ရကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဘုရားလဟာရွာမှာရှိတဲ့ လက်နက်ကြီးထိမှန် ဒဏ်ရာရတဲ့ ၃ ဦးက ခြေ ထောက် ဖြတ်ရတယ်။ တစ်ယောက်ဘဲ ခြေထောက်မရတာက “ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article