25 C
Yangon

ရေစကြိုမြို့ရှိ ခလရ ၂၅၈ တပ်ရင်း ၊ ၂၅၆ တပ်ရင်းနှင့် ပန်းတိုင်းခြုံရွာ စစ်တပ်ဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

Must read

ရေစကြိုမြို့ရှိ ခလရ ၂၅၈ တပ်ရင်း ၊ ၂၅၆ တပ်ရင်းနှင့် ပန်းတိုင်းခြုံရွာ စစ်တပ်ဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၈

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်း ၊ ၂၅၆ တပ်ရင်းနှင့် ပန်းတိုင်းခြုံရွာ အကြမ်းဖက် စစ်တပ် ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေစကြိုမြို့၊ ခလရ ၂၅၆ တပ်ရင်းနှင့် ၂၅၈ တပ်ရင်းအတွင်းကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပက တပ်ခွဲ ၂ နှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းပြီး ဒရုန်း‌ဖြင့် အီနာဂါ ဗုံးသီး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ခလရ ၂၅၈ တပ်ရင်း အတွင်းမှ စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပန်းတိုင်ခြုံကတော့ စုံစမ်းလို့မရဘူး၊ အဲနားလေးက စစ်တပ်ဂိတ်တွေကြားထဲဖြစ်နေလို့၊ ခလရ ၂၅၆ တပ်ရင်းနဲ့ ၂၅၈ တပ်ရင်းထဲကျဲချမှုကတော့ ၄ ဦးဒဏ်ရာရတယ်၊ ၂၅၈ တပ်ရင်းထဲချတဲ့ ဗုံးသီး ထိတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပြန်ပစ်တာတော့ရှိတယ်၊ ကျနော်တို့ရဲဘော် တွေအားလုံးအထိအခိုက်မရှိပါဘူး” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ၌ အခြေချတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၉ တို့က ပူးပေါင်းပြီး ဒရုန်းဖြင့် အီနာဂါဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article