25 C
Yangon

အင်းစိန်မြို့နယ်ရှိ စစ်တပ်၏ လေတပ်ဝန်ထမ်း အိမ်ရာဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

အင်းစိန်မြို့နယ်ရှိ စစ်တပ်၏ လေတပ်ဝန်ထမ်း အိမ်ရာဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၈

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်ဝန်ထမ်း အိမ်ရာဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Force (U.S.F) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ် ဝန်ထမ်း အိမ်ရာဝင်းကို Urban Special Force (U.S.F) က ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လေတပ် ဝန်ထမ်း အိမ်ရာဝင်း အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အရာရှိပိုင်းများ၊‌ လေတပ်အရာရှိ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ လုံခြုံရေး စစ်သားများ သေဆုံးမှုနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှု ရှိနိုင်ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်ရခြင်းသည် အပြစ်မဲ့ ပြည်သူများနှင့် ကလေးသူငယ်များကို လေကြောင်း တိုက်ခိုက်မှုများတွင် အပြစ်ရှိသူသော အကြမ်းဖက် စစ်တပ်၏ တိမ်းရှောင် အရာရှိပိုင်းများ ခိုအောင်းနေသည်ဟု အတွင်းသတင်းမေးချက်များအရ တိုက်ခိုက်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

နောက်နောင်တွင်လည်း ပြည်သူများကို မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက် စစ်အုပ်စုများ၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် စစ်ရေး လှုပ်ရှားမှုများ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Urban Special Force (U.S.F) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article