37 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၉ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်မှာ မနေ့က တစ်ရက်တည်းမှာပဲ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုက အလံဖြူထောင် လက်နက်ချခဲ့ပြီး ၊ စုစုပေါင်း တပ်စခန်း ၇ ခုကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ထပ်မံ သိမ်းပိုက်ရရှိထားတယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် မင်းအောင်လှိုင် ထီးတင်ဖို့ ပြင်ဆင်နေတဲ့ ပဲခူးမြို့ သမိုင်းဝင်ကျိုက်ပညာယျ စေတီမှာ ညောင်ပင် ကျိုးကျသွားလို့ဆိုပြီး ပဲခူးစစ်ကောင်စီ ဝန်ကြီးချုပ် မျိုးဆွေဝင်းက ဦးဆောင်ပြီး ရုက္ခစိုးတောင်း ပန်ပွဲကို ပြုလုပ်နေပြန်တယ်လို့ ပဲခူးတိုင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်မှာ အကြမ်းဖက် စစ်တပ်က တစ်ညလုံး လေယာဉ်နဲ့ ဗုံးကျဲနေတဲ့အပြင် လက်နက်ကြီးတွေ ၊ အတွဲလိုက်ဒုံးတွေနဲပါ ပစ်ခတ်မှုတွေကြောင့် မြို့သစ်က လူနေအိမ် ၅၀ နီးပါး မီးလောင်ပြာကျသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article