25 C
Yangon

ဖြူးမြို့နယ်၊ အောက်ခုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ဖြူးမြို့နယ်၊ အောက်ခုံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးခရိုင်၊ အောက်ခုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်စခန်းမှ စစ်ကောင်စီ တပ်သားများက အောက်ခုံရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာနေပြည်သူ ကိုဇော်လင်းနှင့် မတင်မြင့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ပြည်သူ ၂ ဦးက ပွဲချင်းပြီးသေဆုံးပါတယ်။ ၄ ဦး က အပြင်းအထန် ဒဏ်ရာရပါတယ်။ ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်တွေ ထိတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူ ၄ ဦးကို ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိပြီး ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article