36 C
Yangon

ဆီဆိုင်မြို့ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး အလုံး ၁၀၀‌ ကျော် အပါအဝင် ဓာတုအဆိပ်ဗုံးပါ ကျဲချ တိုက်ခိုက်မှု နေအိမ် ၁၀ လုံးကျော် ပျက်စီး

Must read

ဆီဆိုင်မြို့ကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး အလုံး ၁၀၀‌ ကျော် အပါအဝင် ဓာတုအဆိပ်ဗုံးပါ ကျဲချ တိုက်ခိုက်မှု နေအိမ် ၁၀ လုံးကျော် ပျက်စီး

ရန်ကုန်၊ မတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီး အလုံး ၁၀၀‌ ကျော် အပါအဝင် ဓာတုအဆိပ်ဗုံးပါ ကျဲချ တိုက်ခိုက်မှု နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများ ကို အသုံးပြုပြီး အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဓာတုအဆိပ်ငွေ့ဗုံး ၁ လုံးကို လည်း ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြေင်း သိရသည်။

ထိုသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့တွင်းရှိ ပြည်သူလူထု၏ နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဓာတုအဆိပ်ငွေ့ဗုံးကြောင့် PNLA ရဲဘော်များ နှာခေါင်းသွေးယိုစီးခြင်း၊ အရေပြားယားယံခြင်း ၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာ ခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်းများကို ပုံစံတူ ခံစားခဲ့ ကြရကြောင်း သိရသည်။

ဓာတုအဆိပ်ငွေ့မိသည့် ရဲဘော်များနှင့် ပြည်သူများကို ဆေးဝါးကုသပေးနေရဆဲဖြစ်ကြောင်း၊ မတ်လ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီး ယခုသည် ၂ ကြိမ်မြောက် အဆိပ်ငွေ့ဗုံးအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယမန်နေ့မတ်လ ၈ ရက်နေ့တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆားကျေးရွာကို စစ် ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသနေပြည်သူ ဦးခွန်ထွန်း ထိခိုက် သေဆုံးခဲ့ပြီး နေအိမ် ၆ အိမ်ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article