37 C
Yangon

ကလေးမြို့မှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

Must read

ကလေးမြို့မှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ မတ် ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့ရောက် ခဲ့ရာ ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း Chinland Defense Force -Kalay Kabaw Gangaw – CDF KKG ထံမှ သိရသည်။

ယနေ့ မတ်လ ၉ ရက်နေ့တွင် ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည် G3 အမျိုးစား သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက် ၊ ကျည်ဆံ အတောင့် ၃၃၀ ၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ CDF – KKG အဖွဲ့အစည်းထံသို့ လာရောက်အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့သို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲတပ်သားကို CDF – KKG အဖွဲ့အစည်းမှ ဆုကြေး ငွေ ကျပ်သိန်း ၅၀ ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း အသိပေး ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article