26 C
Yangon

မင်းအောင်လှိုင် ပေးအပ်ခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူး ဆောင် စစ်မှုထမ်းကောင်းတံဆိပ်ရ ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်တပ်ဖွဲ့ဝင်များကို AA က အသေဖမ်းဆီးရရှိ

Must read

မင်းအောင်လှိုင် ပေးအပ်ခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူး ဆောင် စစ်မှုထမ်းကောင်းတံဆိပ်ရ ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်တပ်ဖွဲ့ဝင်များကို AA က အသေဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၁၀

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်တွင် မင်းအောင်လှိုင်က ပေးအပ်ခဲ့သော စစ်မှု ထမ်းကောင်းတံဆိပ်ရ အမှတ် ၉ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ ဌာနမှူး ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်တပ်ဖွဲ့ဝင်များကို AA က အသေဖမ်းဆီးရရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ် ပြန်သည်။

AA က အသေဖမ်းဆီးရရှိသော အမှတ် ၉ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ ဌာနမှူး ဒုဗိုလ်မှူးကြီး ရဲထွဋ်ဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီ၏ အမိန့်အမှတ် ၅/၂၀၂၄ ဖြင့် တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင် အမှတ်တံဆိပ်ဖြစ်သည့် စစ်မှုထမ်းကောင်းတံဆိပ်ကို မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ပေးအပ်ခံထားရသူဖြစ်သည်။

ကျောက်တော်၊ တပ်မဌာနချုပ် နှင့် မင်းပြားမြို၊ ကမ်းနီရွာအနီးရှိ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း (ခေါ်) အမှတ် ၉ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသောသူများထဲမှ စစ်သားတချို့ကို နေ့စဉ်နှင့်အမျှ AA က ဖမ်းဆီးနေကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်တိုင်းဗဟို ၉ မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲဝင်များသည် လမ်းတစ် လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပြီး အဆိုပါဓားစာခံများကို ရက္ခိုင့်တပ်တော်က ကယ်တင်နိုင်ခဲ့ကြောင်း၊ ပြည်သူများကို ဓားစာခံများအဖြစ် ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို ၉ အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲဝင်များစွာတို့ကို မတ်လ ၈ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၇ နာရီ အချိန် ရက္ခိုင်ပြည်၊ မင်းပြားမြို၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ ၏ “အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) အမှတ် ၉ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း၊ ယင်းတိုက်ပွဲတွင် တိုင်းဗဟို ၉ လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးကြီး မျိုးမင်းသန်းကို အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article