25 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေ

Must read

ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါ ခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ရွှေဘိုမြို့နယ် လွတ် လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာ သို့ပြောဆိုသည်။

မတ်လ ၈ ရက်နေ့နှင့် မတ်လ ၉ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေရပ်ပြန်ရန် နေအိမ်မရှိတော့သော ကျေးရွာ ၄ ရွာမှ ပြည်သူများကို ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ သွားရောက် ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သဲဘုတ်ကြီးရွာ၊ ရှိမ်းမကားရွာ၊ ရွာသစ်ရွာနှင့် အင်ဒေါင်းရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သောနေရာများကို CDM ကျန်းမာရေးဆရာ၊ ဆရာမ များက သွားရောက် ကုသမှု ပြုလုပ်ပေးခဲ့ပြီး ပြည်သူ အများအပြားသည် အဖျားရောဂါ ခံစားနေရကာ ဆေးဝါး မလုံလောက်သောကြောင့် အရေးပေါ် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

” ၈ ရက်နေ့က လူ ၁၈၀ ကျော် ၉ ရက်နေ့က ၂၀၀ ကျော် ကုသပေးခဲ့တာပါ။ နောက်ထပ်လည်း ကုသဖို့ရှိပါတယ်။ ဆေးဝါးတွေ ပြတ်ထွက်သွားလို့ မနိုင်တော့လို့ ရပ်လိုက်ရတာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ နာတာရှည်တွေ ကလေတွေ ဖျားနာတာတွေကို ကုသပေးခဲ့တာပါ။ တချို့က အားနည်းတာ အချို့က အကြောဆေးသွင်းရတာတွေ ဖျားနာတာတွေရှိပါတယ်။ ဖျားတာတွေများတယ်။ နေပူထဲနေကြရတော့ အပူရှပ်ကြတာ စစ်ရှောင်တွေက အိမ်တွေမရှိ မီးရှို့ခံရတော့ တောထဲတွေ ဘုန်းကြီးကျောင်းတွေ မြစ်ကမ်းဘေးတွေမှာ တဲထိုးနေရတယ်” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ဆီးချိုသွေးချို၊ သွေးတိုး၊ ရောဂါများလည်း ပါဝင်ပြီး အနာကြီးရောဂါ ခံစားနေရသူမျးလည်း ရှိကြောင်း၊ စစ်ရှောင် ပြည်သူ အရေအတွက် များပြားခြင်းကြောင့် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ရန်ပုံငွေဖြင့် မလုံလောက်သောကြောင့် ပြည်တွင်း ပြည်ပမှ အလှူရှင်များ အနေဖြင့် ဆေးဝါးများ အရေးပေါ် လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article