25 C
Yangon

နွားထိုးကြီးတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ တနင်္သာရီမြိုနယ်တွင် စစ်တပ်၏ မြေမြှုပ်မိုင်းများကို တော်လှန်ရေး တပ်ဖွဲက ရှင်းလင်း

Must read

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်၊ ကြာပွားကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၈ Nathogyi Region Defense Force – NDRF တပ်ဖွဲတာဝန်ခံ ကိုလင်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၀ ရက် ညနေ ၈ နာရီ မိနစ် ၃၀ ခန့်က မလှိင်မြိုနယ်ဘက်မှ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်သားများသည် နွားထိုးကြီးမြိုနယ်၊ ကြာပွားကျေးရွာ ဘုန်းကြီးကျောင်းသို ဝင် ရောက် စခန်းချရပ်နားစဉ် ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင် စီတပ် သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ချခဲ့တာကတော့ တစ်လုံးချခဲ့တာ၊ အသေအပျောက်တော့ မသိရသေးဘူး၊ စစ်ကြောင်းထိုးပြီး ဝင်နား တာပေါ့၊ ညနေ ၆ နာရီထိုးလောက်မှာ လမ်းပြခေါ်လာတဲ့ ပျူစောထီးတွေနဲ့အတူ ဝင်ပြီးစခန်းချနေ တာပေါ့၊ မလှိင်ဘက်က သက္ကယ်ကျင်းရွာဘက်က ပျူစောထီးတွေကို လမ်းပြခေါ်လာတာ၊ အခုစခန်း ချတဲ့ ရွာကလည်း ပျူစောထီးလုပ်တဲ့သူတွေများတဲ့ရွာပေါ့၊ ဒီနေ့မှ ကြာပွားကျေးရွာထဲကို ဝင်လာ တာပေါ့၊” ဟု မြင်းခြံခရိုင် တပ်ရင်း ၈ Nathogyi Region Defence Force – NDRF တပ်ဖွဲတာဝန်ခံ ကိုလင်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၄ နှင့် မြင်းခြံခရိုင်တပ်ရင်း ၈ တပ်ရင်းတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြိုနယ်၊ မရင်းကြီးကျေးရွာအုပ်စုရှိ ကားလမ်းပိုင်းတွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းများကို ရှင်းလင်းခဲ့ကြောင်း တနင်္သာရီ လွတ်မြောက်ရေး အင်အားစု TLF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ အတွင်း အကြမ်းဖက် စစ်တပ်က တနင်္သာရီမြိုနယ်၊ မရင်းကြီးကျေးရွာအုပ်စု အော်ကြီးလမ်းဆုံ ကားပိုင်းပိုင်းပေါ်တွင် ထောင်ထားခဲ့သည့် GYATA-64 အမျိုးအစား မြေမြှုပ်မိုင်း ၄လုံးကို မတ်လ ၁၀ ရက်နေ့တွင် ဒေသ ပြည်သူများနှင့် ခရီးသွား ပြည်သူများ အန္တရာယ်ကင်းစေရန်အတွက် ဗိုလ်ခရင်း ဦးဆောင်သည့် တနင်္သာရီ လွတ်မြောက်ရေး အင်အားစု TLF တပ်ဖွဲဝင်တချိုက သွားရောက် ရှင်းလင်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်များကို ပိတ်ပင်ထားပြီး အများ ပြည်သူ အသုံးပြုနေသော ကျေးရွားခြင်းဆက် ကားလမ်းပိုင်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းဖြစ်ကြောင်း တနင်္သာရီ လွတ်မြောက်ရေး အင်အားစု TLF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article