25 C
Yangon

ချောင်းဦးမြိုပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတိုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထွေအုပ် ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ်လ ၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတိုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အထွေထွေ အုပ်ချုပ်ရေးဌာန ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း GTR MMU တပ်ဖွဲမှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်က ချောင်းဦးမြိုပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြိုမရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ၁ ဦးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ Jammer ကားတစ်စီးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ ထွေအုပ်ဦးစီးမှူးနာမည်တော့မသိရသေးဘူး၊ နောက်ဆက်တွဲကို စုံစမ်းနေတုန်းပါ၊ ဂျန်ပါကားကလည်း မီးလောင်တဲ့အဆင့်အထိတော့ မရောက်ဘူး။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အပြင် အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို ၄၀ မမ ဗုံးသီး နဲ့ ပြန်ပစ်ပြီး ဆုတ်ခွာလာခဲ့ပါတယ်” ဟု GTR MMU တပ်ဖွဲမှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း၊တပ်ခွဲ ၂ ၊ Ghost Team Ranger Myinmu ၊ မုံရွာခရိုင် အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း နှင့် Myinmu Defence Force တို ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article