25 C
Yangon

မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၁

ပဲခူးတိုင်း၊ မင်းလှမြိုနယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတိုက စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တိုက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ဧက ၁၀၀၀ ကျွန်းစိုက်ခင်း ကျုံးပေါက်အနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ လက်နက်ကြီးများ ပစ်ခတ်ကာ တက်လာသောကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတိုက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် ၄ နာရီကျော် ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံးကြောင်း၊ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၆ဝ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ခြင်းကျား ၂ လုံး၊ ဆိုလာပြား ၁ ချပ် နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်းကို မတ်လ ၈ ရက်နေ့ ည ၇ နာရီခန့်အချိန် ဟိုင်းယူရွာ ဆေးခန်းအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅နှင့် ဒဂုံစစ်ကြောင်းတိုက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ၂ နာရီခန့် ကြာမြင်ခဲ့ကာ ယင်း စစ်ကူစစ်ကြောင်းလည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရှိရသည်။

မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို မှတ်တမ်း ရိုက်ကူးရန် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတိုမှ ရဲဘော်များက သွားရောက်စဉ် ခရစ်ယန်ဘုရားကျောင်း မယ်တော်စင်အနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲများ ထိတွေ့ တိုက်ပွဲ ၃ နာရီကြာမြင်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တရုတ်ကျွန်းစိုက်ခင်းဘက်မှ လာသည့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ဗမာသင်္ချိုင်းကုန်းအနီး သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅နှင့် ဒဂုံစစ်ကြောင်းတိုက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက် နက်ကြီး ပစ်ခတ်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၃ ဦးသေဆုံးပြီး MA-3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၆ဝ မမ ၁ လက်၊ ၆ဝ မမ ဗုံးသီး ၁ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ခြင်းကျား ၂ လုံး၊ ဆိုလာပြား ၁ ချပ်နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲများ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွား လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article