26 C
Yangon

ရခိုင်သို စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပိုရန်အတွက် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင် စီက မဲနှိက် ရွေးချယ်

Must read

ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောများ လုပ်ငန်းရပ်နားခိုင်းပြီး ရခိုင်မှ စစ်တပ်အတွက် အသင့်ပြင်ထားရန် အမိန့်ပေး

ရန်ကုန်၊ မတ် ၁၁

ရခိုင်ပြည်နယ်သို စစ်တပ်အတွက် စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများပိုဆောင်ရန်အတွက် ရန်ကုန်ရှိ ရေကြောင်းရုံးတွင် ပုဂ္ဂလိကသင်္ဘောများကို စစ်ကောင်စီက မဲနှိက် ရွေးချယ်ကြောင်း ပုဂ္ဂလိကသင်္ဘောပိုင်ရှင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်ရှိ ရေကြောင်းအာဏာပိုင်ရုံးတွင် ရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး ရခိုင်သို စက်သုံးဆီ၊ ရေသန့်၊ စားနပ်ရိက္ခာများ စစ်တပ်အတွက် သယ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းနောက် ပုဂ္ဂလိကရေယာဉ်နှင့် တွဲသင်္ဘောပိုင်ရှင်များကို ဖိတ်ခေါ်ရာ မည်သူကမှ လိုလိုလားလား မရှိကြကြောင်း၊ ယင်းနောက် မဲနှိက်ရွေးချယ်ခြင်းဖြင့် မဲပေါက်သော ပုဂ္ဂလိကရေယာဉ်နှင့်တွဲသင်္ဘောပိုင်ရှင်တချိုကို စစ်တပ်အတွက် စားနပ်ရိက္ခာနှင့်စက်သုံးဆီ သယ်ဆောင်ပေးရန် ခိုင်းစေကြောင်း၊ အခြားသော သင်္ဘောနှင့် ရေယာဉ်ပိုင်ရှင်များကိုလည်း လုပ်ငန်းများ ရပ်နားခိုင်းပြီး အဆင်သင့် စောင့်ခိုင်းထားကြောင်း သိရှိရသည်။

“မြန်မာ့ရေကြောင်းအာဏာပိုင်တွေက မနေ့က ပုဂ္ဂလိက ရေယာဥ်နဲ့တွဲ သင်္ဘောပိုင်ရှင်တွေကိုအစည်းအဝေးခေါ်ပြီး မဲနှိက်ခိုင်းတယ်။ အုပ်စု ၃ ခုခွဲလိုက်တယ် ။ အလုပ်တွေရပ်နားထားဖိုနဲ့ အုပ်စု ၁ ကျတဲ့သူတွေကို အဆင် သင့်စောင့်ခိုင်းထားတယ်၊ ရခိုင်ကို ရေနဲ့စက်သုံးဆီသယ်ယူဖို၊ အုပ်စု ၂ ကိုလည်း လုပ်ငန်းရပ်နားထားပြီး အဆင်သင့်စောင့်နေဖို ညွှန်ကြားထားပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်တွေမြို မကျစေရေးအတွက် ခုခံစစ်များ အကြီးအကျယ် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article