25 C
Yangon

ရွှေဘိုတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ် ရွှေဘို-ဆိပ်ခွန်လမ်း ချီပါတံတားအနောက် လမ်းပေါ်တွင် အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချသည့်အတွက် ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးလာကျဲချခြင်းဖြစ်ပြီး ထိုက်ခိုက်ဒဏ်ရာသူ ၁ ဦးသည် ခေါင်းထိခိုက်၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ဒဏ်ရာတွေက တစ်ဦးကို သုံးလေးနေရာလောက်ရတာ။ ဦးခေါင်း နဖူး ရင်ဘတ် နောက်ကျော ပေါင် ။ ခေါင်းထိတဲ့သူကတော့ သတိက မရတစ်ချက် ရတစ်ချက် ဖြစ်နေတယ်။ ဒရုန်းက ဗုံးချပြီးတော့ မြောက်နေ အရှေ့ ရွှေဘို ရွှေဓားဘုန်းကြီးကျောင်းဆီကို ပျံသန်းသွားတယ်လို မြင်တဲ့ လူတွေက မြင်လိုက်တယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘဲ အကြောင်းမဲ့ လာချသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောပြသည်။

အကြမ်းဖက်စစ်တပ်၏ ဒရုန်းနှင့် ဗုံးချမှုကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၅ ဦးဖြစ်ပြီး ဆိုင်ကယ် ၁ စီးမီးလောင်ပျက်စီးကာ ကား ၁ စီး မှန်များ ကွဲသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article