25 C
Yangon

ရခိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ပြေးပြန်

Must read

ရခိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ပြေးပြန်

ရန်ကုန်၊မတ် ၁၁

ရခိုင်ပြည်နယ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၉ ဦးသည် ယနေ့ တနင်္လာနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးဝင်လာကြောင်း ဘင်္ဂလားဒေ့ရှ်က တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်သပြေနယ်ခြားစောင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ ၂၉ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြေးဝင်လာကြောင်း၊ လက်နက်များနှင့်အတူ ပြေးဝင်လာခြင်းဖြစ်ပြီး လက်နက်များကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Md Shariful Islam က ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အတည်ပြု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့အတွင်း AA ၏ တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ထွက်ပြေးခဲ့ပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ပြန်ပို့ခဲ့ပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article