26 C
Yangon

ထားဝယ်၊ သင်္ကန်းတုန်းရွာစစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိ

Must read

ရန်ကုန်၊ မတ် ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ သင်္ကန်းတုန်းရွာတွင် စခန်းချနေထိုင်သော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိခဲ့ကြောင်း ဗထူးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ထားဝယ်မြိုနယ်၊ သင်္ကန်းတုန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထားဝယ်မြိုမှ တဆင့် ထားဝယ်-ထီးခီးလမ်း အတိုင်း ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်း နှင့် ကား ၁၇ စီးပါ စစ်ကား ယာဉ်တန်း သည် သင်္ကန်းတုန်းကျေးရွာ၌ စခန်းချ နေထိုင်စဉ် တော်လှန်ရေး တပ်ဖွဲများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်မှု အတွင်းမှာတော့ စစ်ခွေး ၆ ကောင်သေတယ်။ ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီးကိုတော့ လက်ရှိကတော့ သူ့ကို ချုပ်နှောင်ထားပါတယ်။ သူ့ရဲ့ လုံခြုံရေး ကျန်းမာရေး အစစအရာရာ အတွက်တော့ ကောင်းမွန်စွာနဲ့ပဲ စောင့်ရှောက် ပေးထားပါတယ်” ဟု ဗထူးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA) ၊ ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) နှင့် Dawei Defense Team (DDT) တပ်ခွဲ ၂ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်သည့် အတွက် ပြည်သူများ အနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင်ကြရန် နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲများမှ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစား လိုက်နာကြရန် ဗထူးတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲဝင်များ အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ကျရှုးမှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုဝင်ရောက်ကြပါရန် ဗထူးတပ်မတော်က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article