28 C
Yangon

ရေတာရှည်မြို့နယ်၊ ကျွန်းတောစု ကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ ကျွန်းတောစု ကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ မတ် ၁၂

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ရွှေအိုးနှင့် ခင်စိုးရီတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု ကျွန်းတောစုကျေးရွာ အတွင်းနေထိုင်သော စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ရွှေအိုးနှင့်ခင်စိုးရီတို့ကို အမည်မသိ သေနတ်သမားများက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရေတာရှည်မြို့နယ်၊ ကျွန်းတောစု ကျေးရွာရွာက စစ်‌ခွေးအမာခံ ထောက်တိုင် သတင်းပေး ဒလန် ရွှေအိုးနဲ့ ခင်စိုးရီ တို့ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ခွဲလောက်က အမည်မသိ သေနတ်သမားတွေ နေအိမ်ထဲ ဝင်ရောက်ပြီး ပစ်ခတ်သွားလို့ ၂ ဦးလုံးသေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article