25 C
Yangon

မြ၀တီမြိုနယ်၊ သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ကင်းလှည့်နေ

Must read

ရန်ကုန်၊မတ် ၁၃

ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း – ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ၊ တပ်ရင်းတပ်ဖွဲများကို KNLA ပူးပေါင်းတပ်ဖွဲမျာက စတင်တိုက်ခိုက်ခဲ့ပြီး ခမရ ၃၅၅ နှင့် သင်္ဃန်းညီနောင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၃ ရက်နေ့ အထိ ၆ ရက်ကြာသည်အထိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲများက ဆက်လက် တိုက် ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှာ သဃ်န်း ညီနောင်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒါ့အပြင် လက် ခတ်တောင်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း တောက်လျှောက် ရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်အနီး မြ၀တီမြိုနယ်ထဲတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းတပ်မတော်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ထိုင်းဘက်ခြမ်း မြိုနယ် ၅ ခုတွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး ကင်းလှည့်နေကြောင်း ထိုင်းမီဒီယာ Mae Sot က မတ်လ ၉ ရက်နေ့တွင် သတင်းဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနယ်အပါအဝင် အုန်းဖန်မြိုနယ်၊ ဖိုဖတ်မြိုနယ်၊ မယ်လမတ်မြိုနယ်နှင့် ထာ့ဆောင်ရမ်းမြိုနယ်များကို ထိုင်းတော်ဝင်တပ်မတော်မှ မတ်လ ၉ ရက်နေ့မှစတင်၍ လုံခြုံရေးတိုးမြှင့်ချထားကြောင်း၊ ယင်းအပြင် နေ့စဉ်ကင်းလှည့် စစ်ဆေးမှုများကိုပါ အရှိန်အဟုန်မြှင့် ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာဘက်အခြမ်း လက်ခတ်တောင်တွင် တိုက်ပွဲများ ဖြစ်ပွား ပုံနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article