26 C
Yangon

ပုလဲမြိုနယ်၊ အင်မထီးရွာမှ ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၂၀ ဆုချီးမြှင့်

Must read

ရန်ကုန်၊ မတ် ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ်၊ အင်မထီးရွာမှ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင် ရောက်ခဲ့ရာ ငွေကျပ်သိန်း ၂၀ ချီးမြှင့်ပေးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ထံမှ သိရသည်။

မတ်လ ၁၀ ရက်နေ့က ပုလဲမြိုနယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ လက်နက်ကိုင် ပျူစောထီး ကိုစနေမောင်သည် ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၂ ထံသို ဆက်သွယ်ကာ ၎င်းကိုင် ဆောင်သော ကာပိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၂၅၈ တောင့်၊ ကျည်အိမ် အပိုတစ်ခုနှင့်အလင်း ဝင်ရောက်ခဲခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်ထံအလင်းဝင်ရောက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် မတရားသဖြင့် ဖိနှိပ် အနိုင်ကျင့်ရန် အတွက် အတင်းအကျပ် စေခိုင်းခံနေရသည်ကို မနှစ်သက်သဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ငွေကျပ် သိန်း ၂၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် ကိုစနေမောင်အား ပုလဲမြိုနယ် ပအဖ ပလဖ များကလည်း လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးမေးမြန်းကာ စီမံ ဆောင်ရွက် ခဲ့ကြပြီးဖြစ်ကြောင်း ယင်းမာ ပင် ခရိုင် တပ်ရင်း ၁၂ က ထုတ်ပြန်ထားသည်။

You sent

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article