25 C
Yangon

လှိင်သာယာ၊ ၂ ရပ်ကွက် မဟာဗန္ဓုလလမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများကို စည်ပင်နှင့် အုပ်ချုပ်ရေမှူး အဖွဲက ဖျက်ဆီးပြီး နောက်လိုက်လူမိုက်များက တုတ်ကိုင် ကင်းလှည့်

Must read

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ လှိင်သာယာမြိုနယ် ၂ ရပ်ကွက် မဟာဗန္ဓုလလမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများကို စည်ပင်နှင့် အုပ်ချုပ်ရေမှူး အဖွဲက အတင်း အဓမ္မ ဖျက်ဆီးပြီး နောက်လိုက်လူမိုက်များက တုတ်များကိုင်ဆောင် ကင်းလှည့်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့တွင် လှိင်သာယာမြိုနယ် ၂ ရပ်ကွက် မဟာဗန္ဓုလ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများကို မြောင်း ဖုံးကျော်သည်ဟုဆိုကာ မြိုနယ်စည်ပင်နှင့် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲက ဖျက်ခိုင်းကြောင်း၊

ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း မြိုနယ် စည်ပင်က လူမိုက်များ ခေါ်ဆောင်လာပြီး ဆိုင်ခန်းများကို အတင်းအဓမ္မ လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို ဆိုင်ခန်းများ ဖျက်ဆီးနေချိန်တွင် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်လူမိုက်များက တုတ်များ ကိုင်ဆောင် ကင်းလှည့်နေကြောင်း သိရှိရသည်။

“လှိင်သာယာ ၂ ရပ်ကွက် မဟာဗန္ဓုလလမ်းတစ်လျှောက်မှာရှိတဲ့ ဆိုင်ခန်းတွေ အဆောင်တွေကို မြောင်းဖုံး မကျော်ရဘူးဆိုပြီး စည်ပင် အဖွဲတွေနဲ့ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲက မနေ့က ညနေပိုင်းမှာ အပြီးဖျက်ခိုင်းနေပါတယ်။ ဒီမနက် စည်ပင်က လူကြီးတွေအပါအဝင် စည်ပင်အဖွဲတွေ အများကြီးနဲ့ လာဖျက်သွားပါတယ်။ လူတွေ လုပ်ကိုင်စားသောက်ရတာအဆင်မပြေရတဲ့အထဲ အကုန် ဒုက္ခရောက်ကုန်ပါပြီ။ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးတော်တော်ဆိုးနေပါတယ်။ သူ့ရုံးအဖွဲက လူတွေဆိုလည်း ရပ်ကွက်ထဲမှာ တစ်နေကုန်ဆိုင်ကယ်မှာ တုတ်တွေချိတ်ပြီး ကင်းပတ်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုပြင် လူကြီးလမ်းကြောင်းရှိသည်ဟု ဆိုကာ ၂ ရပ်ကွက်အတွင်းရှိ ၅ ထိပ်စျေးကိုလည်း စည်ပင်နှင့် အုပ်ချုပ်ရေးမှူးက ပိတ်သိမ်းခိုင်းလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ- မန္တလေးမြိုပေါ်တွင် ကျူးကျော်ဟုဆိုကာ ပြည်သူများ၏ နေအိမ်များကို စစ်တပ်၊ ရဲနှင့် စည်ပင်၊ လူမိုက်များက ယမန်နှစ်အတွင်း ဖျက်ဆီးခဲ့ကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article