35 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန် ဒဏ် ရာရ

Must read

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန် ဒဏ် ရာရ

ရန်ကုန်၊ မတ် ၁၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၂ ရက် နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကို Drone ဖြင့် ၈၀ မမ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ နာရေးကားဖြင့် စစ်ကိုင်းမြို့သို့ သယ်ဆေင်သွားကြောင်း သိရသည်။

“သတင်းဖုံးထားလို့ အတိအကျ မသိရဘူး၊ Icon စက်ထဲမှာ လိုင်းပူးပြီး လူနာတင်ကားခေါ်သံတွေ ကြားရယ်၊ ဒဏ်ရာရတဲ့ ၂ ဦးကိုတော့ စစ်ကိုင်းဆေးရုံကို ခေါ်သွားတယ်လို့ သိရတယ်၊ နောက်ဆက် တွဲတော့ မသိရသေးဘူး၊” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force ၊ Phoenix Sgg နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article