25 C
Yangon

ပခုက္ကူ၊ မြိုင်နှင့် ပုလဲ တို့တွင် စစ်ယာဉ်တန်း၊ ကင်းပုန်းနှင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး

Must read

ပခုက္ကူ၊ မြိုင်နှင့် ပုလဲ တို့တွင် စစ်ယာဉ်တန်း၊ ကင်းပုန်းနှင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ယာဉ်တန်း၊ ကင်းပုန်းစစ်သားနှင့် ပျူစောထီး ကျေးရွာတို့ကို မိုင်းဆွဲ၊ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့မတ်လ ၁၄ ရက် နံနက် ၉ နာရီခန့်က ပခုက္ကူမြို့မှ ကား ၅ စီးဖြင့် ရိက္ခာပို့ ထွက်ခွာနိုင်ရန် ပခုက္ကူလေယာဉ်ကွင်း အနီး၌ လုံခြုံရေး ယူပေးနေသည့် ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် ရိက္ခာပို့အကြမ်းဖက်စစ်ယာဉ်တန်းကိုလည်း ပခုက္ကူ-ရေစကြိုလမ်းတစ်နေရာ၌ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ Pakokku Ranger)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Taty Gyi)နှင့် ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ – Young Force UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၁၃ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ မြိုင်မြို့နယ်၊ သရက်ကွပျူစော ထီးကျေးရွာအား RC Plane များဖြင့် ဗုံးသီး ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပ.က.ဖ တပ်ရင်း ၁ ၊ DMG အဖွဲ့၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ၂ – Thurain- TR ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၀ ၊ ဝံပုလွေအဖွဲနှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၂ – Young Force – UG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၉ (Pale Joker PDF) မှ ထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး မိုင်း ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း၁၉ ( Pale Joker PDF)နှင့် ပုံတောင်ဂဠုန် LPDF အဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article