25 C
Yangon

မင်းပြားမြိုနယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးလာသော စစ်တပ်က သားဖြစ်သူ လူငယ်များကို မျက်စိ ရှေ့တင် နှိပ်စက်သတ်ဖြတ်ခဲ့ဟု ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တိုက ပြောဆို

Must read

ရန်ကုန်၊ မတ် ၁၅

ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားကြသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲဝင်များက ၎င်းတို၏ သားများကို မျက်စိရှေ့ တင် နှိပ်စက်ညှင်းပန်းကာ ပစ်သတ်လိုက် ကြောင်း ရခိုင့်တပ်တော်၏ ကယ်ထုတ် မှုကြောင့် လွတ်မြောက်လာသော စပါးထားရွာသား ဖခင်များဖြစ်ကြသည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်း မြင့် တိုက ပြောကြားသည်။

မင်းပြားမြိုနယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသောအ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်က ကယ် တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့ရသူ ဖခင်ဖြစ်သူ ဦးမောင်ခင်ရွှေနှင့် ဦးမောင်သန်းမြင့်တိုက ယင်းသို ပြောဆိုကြခြင်းဖြစ်သည်။

မင်းပြားမြိုနယ်၊ တိုင်းဗဟို ၉ မှ ထွက်ပြေးသွားသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲဝင်များက လမ်း၌ တွေ့ရှိသည့် ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ် ဆောင်သွားကာ အထုပ်ထမ်းခိုင်းခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော့်သားနှစ်ယောက်ကို သတ်လိုက်ကြပါတယ်၊ သားတစ်ယောက်၊ သမက်တစ်ယောက်ပါ။ ကျနော့်ကိုလည်း သူတိုနဲ့အတူတူ နောက်တစ်နေ့မှာ သတ်ဖိုလုပ်ထားပါတယ်၊ နောက်တနေ့ သတ်မယ့်အချိန်ရောက်လာပေမယ့် မသတ်ဖြတ်ခဲ့ပါ။ မသတ်ဖြစ်လိုက်တာက နောက်တနေ့ ဆက်သွားတဲ့အခါ နွားတစ်ကောင်နဲ့တွေ့ပါတယ်။ နောက်တနေ့ သတ်မယ့်အချိန်မှာလည်း နွား တစ်ကောင်နဲ့ ကျွဲတစ်ကောင် တောင်ပေါ်ကလာတာတွေ့တဲ့အတွက် ကျနော်တိုကို မသတ်ဖြစ် လိုက်တာပါ၊ ကျနော်တိုကို မသတ်ဘဲ အဲဒီနေ့ ညနေ ကျွဲနဲ့နွားကို သတ်ပြီးတော့ ကင်ကြပါတယ်။ ဗိုလ်မှူးအဘဆိုတဲ့သူကို ရှေ့တန်းပွိင့်သမားက “အဘ နွားတစ်ကောင်နဲ့ ကျွဲတစ်ကောင်တော့ ရထားပြီ။ လူ ၁၀ ယောက်ကို ဘယ်လိုလုပ်မလဲ၊ ဘယ်သူ့ကို အရင်သတ်မလဲ မေးပါတယ်။” ကို ဦးမောင်ခင်ရွှေက အတွေ့အကြုံကို ပြောပြသည်။

အလားတူ စစ်တပ်က ဖမ်းဆီးခဲ့သော ဦးမောင်သန်းမြင့်၏ သားဖြစ်သူ မောင် ဦးကျော်ဝင်းကိုလည်း စစ်တပ်က ဖတ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ မိုးမလင်းခင်ကတည်းက လက်နောက်ပြန်ကြိုးတုတ်ကာ ထမင်းမကျွေးဘဲ ချည်နှောင်ထားခဲ့ကြောင်း၊ ပတ်ပတ်လည်တွင် ကျည်ထိုးပြီး ဝိုင်းထားကာ အိပ်စောင့်နေကြကြောင်း၊ နံနက်အစောပိုင်း ၄ နာရီခွဲ ၅ နာရီခန့်တွင် ရခိုင့်တပ်တော်၏ ကယ်တင်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

“ကျနော့်သားကိုလည်း ကျနော့်လိုပဲ ရိုက်နှက်ကြပါတယ်၊ ကျနော့်ရှေ့မှာတင် ပုံစံအမျိုးမျိုးနဲ့ ရိုက် နှက် ပါတယ်၊ ကျနော့်သားကို ရိုက်နှက်တာတွေ ကျနော် လုံးဝမကြည့်ရက်ခဲ့ပါဘူး၊ ကျနော့်သားလေး ဟာ ဒီနှစ်မှ အသက် ၁၈ နှစ်ပြည့်တာပါ။ နာမည်က ဦးကျော်ဝင်းပါ။ ကျနော့်သားလေးကို ကျနော့် ရှေ့မှာတင် ရက်ရက်စက်စက် ရိုက်နှက်နေတာတွေကို ကျနော် မျက်ရည်စက်လက်နဲ့ ကြည့်နေခဲ့ ရပါတယ်။ ကျနော့်သားလေးကို ထမင်းမကျွေးကြပါဘူး၊ ဒီလောက်ချမ်းလွန်းတဲ့အချိန်တောကြီး မျက်မည်းထဲမှာ လက်ပြန်ကြိုးတုတ်၊ ရိုက်နှက်ယူဆောင်လာပြီးတော့ နောက်မှာ ကျနော့်သားလေး ပစ်သတ်ခံလိုက်ရပါတယ်” ဟု ဦးမောင်သန်းမြင့်က ထွက်ဆိုထားသည်။

လူသတ်မှု၊ နှိပ်စက်ညှင်းပန်းမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီကို ရခိုင့်တပ်တော်အနေဖြင့် ထိထိရောက်ရောက်အရေးယူပေးစေလိုကြောင်း ၎င်းတိုနှစ်ဦးစလုံးက တောင်းဆိုထားသည်။

ဓားစာခံပြည်သူများကို သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် တိုင်းဗဟို ၉ မှ အုပ်ချုပ်ရေးဌာနမှူး ဒုတိယဗိုလ် မှူး ကြီး ရဲထွဋ်ဝင်းပါအဝင် စစ်ကောင်စီတပ်ဖွဲဝင်များကို ရခိုင့်တပ်တော်က မတ်လ ၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်တွင် အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရခိုင်မှ စစ်ကောင်စီတပ်ဖွဲဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်မှ စစ်ကောင်စီတပ်ဖွဲဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article