24.9 C
Yangon

နိုင်ငံတစ်ဝန်း စစ်ရေးအခြေအနေများ NUG ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ထံသို ကာကွယ်ရေးဝန်ကြီးနှင့်ဒုဝန်ကြီး သွားရောက်တင်ပြ

Must read

ရန်ကုန်၊ မတ် ၁၅

မြန်မာနိုင်ငံတစ်ဝန်း လက်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အမျိုး သားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုထံသို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတိုက သွားရောက်တင်ပြကြောင်း သိရှိရသည်။

ယာယီသမ္မတ ဒူဝါလရှီးလထံသို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သွားရောက်ပြီး တင်ပြဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံသို ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်က သွားရောက်ပြီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲများက တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲများ၊ မဟာမိတ် အဖွဲအစည်းများနှင့် ပူးပေါင်းပြီး အကြမ်းဖက် စစ်တပ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုက်ထုတ်နေကြောင်း၊ လတ်တလော ဖြစ်ပွားနေသော ကရင်ပြည်နယ်အတွင်းက တိုက်ပွဲများမှာလည်း KNLA နဲ့ အတူ ပူးပေါင်းတိုက်ခိုက်ခြင်း၊ ကချင်ပြည်နယ်တွင်လည်း KIA နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခြင်း၊ ကရင်နီပြည်တွင်လည်း KNDF နှင့် အတူ ပူးပေါင်းတိုက်ခိုက်ခြင်း အပြင် အခြားသော တိုင်းရင်းသားဒေသများတွင်လည်း အကြမ်းဖက် စစ်တပ် အမြတ်ပြတ်ချေမှုန်းရေး တိုက်ပွဲများကို ဖော်ဆောင်နေကြောင်း သိရှိရသည်။

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မဟာဗျူဟာမြောက် လုပ်ဆောင်နေသာည့် အကြောင်းအရာများ ယာယီသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးချုပ်ထံသို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article