25 C
Yangon

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဂျက်တိုက်လေယာဉ် ၂ စီး ပျက်စီးပြီး လေကြောင်းနည်းပြ ၁ ဦး၏ ဦးခေါင်းတွင် ကျည်အစ ထိမှန် ၊ လေတပ်အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ တောင်ငူမြိုနယ်၊ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ဂျက်တိုက်လေယာဉ် ၂ စီး ထိမှန်ပျက်စီးပြီး လေကြောင်းနည်းပြ ၁ ဦး၏ ဦးခေါင်းတွင် စိုးရိမ်ရ ဒဏ်ရာရကာ လေတပ်အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

မတ်လ ၁၄ ရက်နေ့ည ၈ နာရီ ၄၄ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအတွင်းသို Brave Warriors for Myanmar (BWM) အဖွဲ၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၃ လုံးမှာ စစ်ကောင်စီ၏တပ်စခန်းအတွင်း အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ပစ္စည်းချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

“ရှော့တိုက်ဒုံး ၃ လုံး လေတပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တာမှာ ဂျက်တိုက် လေယာဉ် ၂ စီး ထိမှန်ပါတယ်။ အဲဒါကို အခုပြုပြင်နေပါတယ်။ သိုလောင်ရုံ ၁ လုံး၊အခမရုံးနှင့်ပရိဘောဂပစ္စည်းတွေ ထိခိုက်တယ်။ တပ်ကြပ်ကြီးစာရေး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရပါတယ်။ လေကြောင်းနည်းပြ ၁ ဦးလည်း ဦးခေါင်းထိမှန်ဒဏ်ရာရပါတယ်။ သူကတော့ စိုးရိမ်ရတယ်။ အရာရှိ ၁ ဦး ရင်ဘတ်နဲ့ မျက်နှာမှာ အစမှန်တယ်။ မစိုးရိမ်ရဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရှော့တိုက်ဒုံးထိမှန်သော ဂျက်တိုက်လေယာဉ် ၂ စီးကို ပြုပြင်နေဆဲဖြစ်ပြီး ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် BWM နှင့် မဟာမိတ်အဖွဲက ပြန်လည်တိုက် ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲက ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ – ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article