25 C
Yangon

သင်္ဃန်းညီနောင်တွင် တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ထိမှန်သေဆုံး၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ

Must read

ရန်ကုန်၊ မတ် ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်နှင့် ကော့ကရိတ်မြိုနယ် အစပ် သင်္ဃန်းညီနောင်တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ထိမှန်သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ သဃ်န်းညီနောင် အခြေစိုက် ခမရ ၃၅၇ တပ်ရင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲက ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိကြောင်း၊ ထိုအချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် သင်္ဃန်းညီနောင်၊ ဝေ့ရှမ်းနှင့် ဇရပ်ဖြူကုန်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ၃ ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်နေလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူ ၃ ဦး စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးပါတယ်။ ဝေ့ရှမ်း ရွာသား ၂ ဦးရယ်၊ သင်္ဃန်းညီနောင်က ပြည်သူ ၁ ဦးရယ် စုစုပေါင်း ၃ ဦးကတော့ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်သေဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထိုပြင် စစ်တပ်က တိုက်လေယာဉ်များဖြင့်လည်း တောက်လျှောက်ဆိုသလို ပစ်ခတ်လျက်ရှိကြောင်း၊ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်သေဆုံးနေသော ပြည်သူ ၁ ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယနေ့ နံနက်ပိုင်း သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်သေဆုံးနေသော ပြည်သူ ၁ ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article