26 C
Yangon

KIO လိုင်ဇာဌာနချုပ်အနီး ဘွမ်ရေဘွမ်တောင်ရှိ စစ်တပ် ဗျူဟာကုန်းစခန်းကို KIA က သိမ်းပိုက်ရရှိ၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိပြီး စစ်သားများ တပ်ပျက်၍ ထွက်ပြေး၊

Must read

ဘွမ်ရေဘွမ်တောင် ဗျူဟာ စစ်စခန်းမှာ စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် ကွပ်ကဲနေသည့် စစ်စခန်းဖြစ်

ရန်ကုန်၊ မတ် ၁၅

ကချင်ပြည်နယ်၊ လိုင်ဇာမြိုအနီး ဘွမ်ရေဘွမ်တောင်ရှိ စစ်တပ် ဗျူဟာကုန်းစခန်းကို KIA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်၍ ထွက်ပြေးနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် လိုင်ဇာမြိုကို လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေသည့် အကြမ်းဖက် စစ်တပ်၏ တခစ ၂၁ မှ တပ်မမှူး ဗိုလ်မှူးချုပ် အထိုင်ချထားသော ဗျူဟာကုန်းကို KIA က သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်၍ ထွက်ပြေးနေကြောင်း သိရသည်။

“လိုင်ဇာကို အမြဲ လက်နက်ကြီးနဲ့ထုနေတဲ့ ဘွမ်ရေဘွမ်တောင်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် ဗျုဟာကုန်း စခန်းကို အခုဘဲ သိမ်းလိုက်ပါပြီ တခစ ၂၁ က တပ်မမှူး ထိုင်တာတဲ့ စစ်ခွေး သေဆုံးမှု အသိအကျတော့ မပြောလာသေးဘူး။ လက်နက်ခဲယမ်းတွေ အများကြီးတဲ့ သိမ်းဆည်းရရှိတာ စစ်ခွေး အများအပြား ထွက်‌ပြေးကြတယ်တဲ့ ယခုပဲ သိမ်းရပြီဆိုတဲ့ သတင်းပဲ ပြောပြလာတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ဘွမ်ရေဘွမ်တောင်ရှိ စစ်တပ် ဗျူဟာကုန်းစခန်းကို KIA တပ်ဖွဲက တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ပိတ်ဆို တိုက်ခိုက်သော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကျဲ ပစ်ခတ်နေခြင်းကြောင့် သိမ်းပိုက်ရန် ကြန့်ကြာနေခြင်းဖြစ်ပြီး ယနေ့ မတ်လ ၁၅ ရက်နေ့မှ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နေ့ ခရာဘွမ်စစ်စခန်းမှ အရှင်ဖမ်းမိရရှိသည့် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သုံပန်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article