38 C
Yangon

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် နမ္မတူမြို့နယ်တွင် TNLA က ဌာနဆိုင်ရာရုံးနှင့် ပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို ကွင်းဆင်း စစ်ဆေး သတ်မှတ်၊

Must read

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် နမ္မတူမြို့နယ်တွင် TNLA က ဌာနဆိုင်ရာရုံးနှင့် ပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို ကွင်းဆင်း စစ်ဆေး သတ်မှတ်၊

■ တအာင်း ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီ

ရန်ကုန်၊ မတ် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ရရှိထားသော နမ္မတူမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို PSLF/TNLA တာဝန်ရှိသူများက မတ်လ ၁၁ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးသတ်မှတ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် နမ္မတူမြိုနယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူများက မန်စံကျေးရွာရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့က တအာင်းပြည်နယ်ထဲမှာရှိတဲ့ ဌာနဆိုင်ရာရုံး၊ အများပြည်သူပိုင် စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာ သာရေး အဆောက်အဦးတွေကို ကျနော်တို သတ်မှတ်ထားတဲ့ မြေယာဥပဒေမူဝါဒနဲ့အညီ ထိန်း သိမ်းသွားဖို ကွင်းဆင်းစစ်ဆေးနေတာ ရှိတယ်၊ အခုလည်း နမ္မတူမြိုနယ်ထဲက ဌာနဆိုင်ရာရုံးနဲ့ အများပြည်သူပိုင်တဲ့ မြေယာအဆောက်အဦတွေရဲ့ အကျယ်အဝန်းကို တိုင်းတယ်၊ ပြီးတော့ နယ်နိမိတ်ဧရိယာတွေကို လိုက်ပြီး သတ်မှတ်တယ်”ဟု နမ္မတူမြိုနယ်၊ PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ မြေဧကပေါင်း ၈၀၀၀၀ကျော် ဝန်းကျင် ရှိသည့် သစ်တောကြိုးဝိုင်းများကို PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက ထိန်းသိမ်းထားပြီး မြေယာဥပဒေ မူဝါနှင့်အညီ သစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာများ လိုက်လံ သတ်မှတ်လျက်ရှိကြောင်း သိရှိရသည်။

နမ္မတူမြိုနယ်ကို PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်ထံမှ အပြီးသတ်သိမ်းပိုက်ခဲ့ကာ PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့်အညီ စီမံအုပ်ချုပ်နေပြီ ဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက TNLA သိမ်းပိုက်ထားသော နမ္မတူ အပါအဝင် မန်တုံ၊ နမ့်ဆန် တို့တွင် စစ်အုပ်ချုပ်ရေး ကြေညာကြောင်း မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article