25 C
Yangon

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

Must read

ဘုတလင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သား၊ ရဲများ အထိုင်ချ တပ်စွဲထားရာ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘဏ်ရုံးတို့ကို မတ်လ ၉ ရက်နေ့တွင် ဗုံးသီး ၁ လုံး၊ မတ်လ ၁၃ ရက်နေ့တွင် ဗုံးသီး ၅ လုံး၊ မတ်လ ၁၄ ရက်နေ့က ဗုံးသီး ၃ လုံးတို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ChindwinBrothers (DGF) ခွဲ တပ်ဖွဲ့၊ B21 ကနီ ၊ Lion (LPDF)၊ အုပ်ကြီး နှင့်အဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ နှင့် နင်ဂျာတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်၊၊

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article