25 C
Yangon

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ပြီး ဗိုလ်မှူးအဆင့် လေတပ်အရာရှိအပါအဝင် ၃ ဦးအပြင်းအထန်ဒဏ်ရာရ၊ လေယာဉ် ၂ စီး ပျက်စီး

Must read

Update News

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ပြီး ဗိုလ်မှူးအဆင့် လေတပ်အရာရှိအပါအဝင် ၃ ဦးအပြင်းအထန်ဒဏ်ရာရ၊ လေယာဉ် ၂ စီး ပျက်စီး

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ ရာစစ်သား ၂ ဦးသေဆုံးပြီး ဗိုလ်မှူးအဆင့်ရှိသူ လေတပ်အရာရှိ အပါအဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကာ လေယာဉ် ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း MKCDF တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၄ ရက် ည ၈ နာရီ ၄၄ မိနစ်အချိန်ခန့်က တောင်ငူမြို့နယ်၊ တောင်ငူလေတပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၃ လုံးမှာ စစ်ကောင်စီ ၏ လေတပ်စခန်းအတွင်းသို့ အောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး ကျန်ရှော့တိုက်ဒုံး ၂ လုံးမှာ ပစ္စည်း ချွတ်ယွင်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံး ထိမှန်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ဗိုလ်မှူးအဆင့်ရှိသူ လေတပ် အရာရှိအပါအဝင် ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ကွင်းအ တွင်း ယှဉ်ရပ်ထားသည့် လေယာဉ်တစ်စီးကို ထိမှန်ကာ လုံးဝပျက်စီးသွားပြီး ကျန်တစ်စီးမှာ တောင် ပံနှင့်အခြားကိုယ်များကို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“တောင်ငူလေတပ်ကိုပစ်ခတ်ခဲ့မှုမှာ ထိခိုက်မှုအနေနဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ဗိုလ်မှူး အဆင့်ရှိလေတပ်အရာရှိတစ်ဦးနဲ့ အငယ်တန်းစစ်ကောင်စီလေတပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန်စွာ ထိခိုက်ခဲ့ ပါတယ်၊ MKCDF က ရဲဘော်တွေ ရှော့တိုက်ဒုံးပစ်လိုက်တဲ့အချိန်မှာ လေတပ်လေဆိပ်မှာ လေယာဥ်နှစ်စီး က ယှဥ်ရပ်ထားချိန်ဖြစ်နေတယ်၊ တစ်စီးကို တည့်တည့်ထိသွားလို့ တော်တော်ထိခိုက်ပျက်စီးသွား တယ်၊ နောက်တစ်စီးကတော့ အတောင်ပံနဲ့ အခြားနေရာအတော်များများကို ထိသွားတယ် လို့သိရ တယ်၊ နောက်ပြီး အဲ့အချိန်မှာ ဗိုလ်မှူးအဆင့်ရှိ လေတပ်အရာရှိက လေယာဉ် လာကြည့်ပြီးစစ်ဆေး နေ ချိန်ဖြစ်တော့ သူ့လည်းထိတယ်၊ လေယာဉ် ဆီဖြည့်၊ သန့်ရှင်းရေးနဲ့ အခြားလေယာဉ် ကြံ့ခိုင် ရေးလုပ်တဲ့ လေတပ်က တပ်ဖွဲ့ဝင်ငါးဦးလည်းရှိနေတော့ သူတို့ထဲက နှစ်ဦး ပြင်းပြင်းထန်ထန် ထိ ခိုက် ထားလို့ ဆေးရုံမှာ သေသွားတယ်လို့သိရတယ်၊ ကျန် ၃ ဦးကလည်း စိုးရိမ်ဖွယ်ရာ အခြအနေရှိ နေ တယ်လို့ နောက်ဆက်တွဲအနေနဲ့သိရပါတယ်ခင်ဗျ၊” ဟု MKCDF တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ငူလေတပ်စခန်းသည် တောင်ပိုင်းတိုင်းရှိ တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုသော စစ်ကောင်စီ၏ အဓိကလေတပ်စခန်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ် စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ၊ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တို့အပါအဝင် နိုင်ငံတဝှမ်း ကလေးသူငယ်ပါမကျန် ပြည်သူများကို ရက်စက်နေသော စစ်ကောင်စီ လေတပ်၏ ယုတ်မာမှုကို လက်တုန့်ပြန်သောအားဖြင့် BWM နှင့် မဟာမိတ်အဖွဲ့က ယခုကဲ့သို့တိုက်ခိုက်ခြင်းဖြစ်ကြောင်း BWM အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- တောင်ငူလေတပ်စခန်းတွင် လေကြောင်းဆိုင်ရာ လူငယ်သင်တန်းတစ်ခုအတွက် လာရောက်စစ်ဆေးနေသည့် အကြမ်းဖက်စစ်ဗိုလ်ချုပ်များ။( ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article