25 C
Yangon

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အရပ်ဝတ်ထောက် လှမ်းရေး၂ ဦးကို CDF-Hakha က ဖမ်းဆီးရရှိ

Must read

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အရပ်ဝတ်ထောက် လှမ်းရေး၂ ဦးကို CDF-Hakha က ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၁၇

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ စစ်ကောင်စီအတွက် အရပ်ဝတ်နဲ့ထောက်လှမ်းရေး လုပ်နေသူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ CDF-Hakha က မတ်လ ၁၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။

စစ်ကောင်စီအတွက်ထောက်လှမ်းရေးလုပ်နေသူ ၁ ဦးကို မတ်လ ၉ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပြီး နောက် ၁ ဦးကိုမတ်လ ၁၃ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မတ်လ ၆ ရက်နေ့တုန်းကလည်း ဟားခါးမြို့ပေါ် နတလ ကျောင်းမှာ လုံခြုံရေးယူပေးနေတဲ့ ရဲအရာရှိ ပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲ ၅ ဦးကို CDF- Hakha ကဖမ်းဆီးခဲ့ပါတယ်။

ဟားခါးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ထောက်လှမ်းရေးမားတွေဟာ အရပ်ဝတ်နဲ့သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူတွေသတိထားကြဖို့ မသင်္ကာတဲ့သူတွေတွေ့ပါက အကြေားကြားကြဖို့ CDF-Hakha က နှိုးဆော်ထားပါတယ်။

ဓာတ်ပုံ- ဟားခါးမြို့ပေါ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article