33 C
Yangon

ရွှေမှောင်ခိုစျေးကွက်ဖြစ်ပေါ်နေပြီး အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်းကျော်ဖြင့် ရွှေစျေးနှုန်း ထပ်မံစံချိန်တင်တက်

Must read

ရွှေမှောင်ခိုစျေးကွက်ဖြစ်ပေါ်နေပြီး အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်းကျော်ဖြင့် ရွှေစျေးနှုန်း ထပ်မံစံချိန်တင်တက်

ရန်ကုန်၊ မတ် ၁၇

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းတွင် ထိုးတက်နေသော ရွှေစျေးနှုန်းကို ကျဆင်းစေရေး စျေးကစားသူများကို အရေးယူမည်ဟု ထုတ်ပြန်ကြေညာပြီးနောက် ရွှေမှောင်ခိုစျေးကွက်ဖြစ်ပေါ်ကာ မီးလင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၄၂ သိန်းကျော် ထပ်မံ စံချိန်တင်မြင့်တက်သွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှုန်းနှင့်ဒေါ်လာစျေးနှုန်းကို ဆွဲတင် စျေးကစားနေမှုများရှိသဖြင့် အရေးယူမည်ဟု မတ်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ ရန်ကုန်တိုင်းရွှေအသင်းကလည်း မတ်လ ၁၆ ရက်နေ့တွင် ရွှေအသင်း၏ သတ်မှတ်စျေးနှုန်းဖြင့်သာ ရွှေများ ရောင်းဝယ်ကြရန်၊ အရောင်းအဝယ် မလုပ်နိုင် လျှင် ရပ်ထားကြရန် ညွှန်ကြားစာများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ရွှေအရောင်းအဝယ်လုံး၀ ရပ်ဆိုင်းသွားပြီး စျေးကွက်တွင် ရွှေဝယ်လိုသူများ ကြိတ်ကြိတ်တိုးလာကြောင်း၊ စျေးကွက်တွင် တရားဝင်ရောင်းဝယ်ခြင်းမလုပ်တော့ဘဲ သီးခြား ပြင်ပတွင် ကြိုက်ရောင်းကြိုက်ဝယ်စျေးဖြင့် အရောင်းအဝယ်လုပ်ကြကြောင်း၊ ယနေ့တွင် အခေါက်ရွှေ တစ်ကျပ်သား ၄၂ သိန်း ၅ ထောင်ကျပ် ( ၄,၂၀၀,၅၀၀၀ ) စျေးပေါက်နေကြောင်း သိရှိရသည်။

“ဒီနေ့က တနင်္ဂနွေနေ့ စျေးကွက်ပိတ်ပေမယ့် ပေမယ့် ရွှေဝယ်ချင်သူအရမ်းများတယ်။ ရောင်းမယ့်သူမရှိဘူး။ ဗဟိုဘဏ်က တစ်မျိုး၊ ရွှေအသင်းက တစ်မျိုးတွေ ထုတ်နေတော့ ဘယ်သူမှ မရောင်းတော့ဘဲ စောင့်ကြည့်နေကြတယ်။ ဝယ်ချင်သူများတယ်။ ပေါက်စျေးကတော ၄၂ သိန်း ၅ ထောင်ရှိနေတယ်” ဟု လသာမြို့နယ်မှ ရွှေကုန်သည်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article