37 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

Must read

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက် ခဲ့ရာ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦးသည် ၎င်းကိုင်ဆောင်ထားသော သေ နတ် တစ်လက်၊ ကျည်ဘောက် ၃ ဘောက်နှင့်အတူ Pakokku People Defense Force (PPDF) တပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲခြင်းဖြစ်ပြီး ၎င်းကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကာ လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“စကစတပ်သားတွေအနေနဲ့ အာဏာရှင်လူတစ်စုအတွက် အသက်ပေးပြီး တိုက်မနေကြပဲ မြန်မြန် အလင်းဝင်ရောက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်၊ လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့မယ်ဆိုရင် ဆုကြေးလည်းပေးမယ်၊ လုံခြုံတဲ့ရောကိုလည်း ပို့ဆောင်ပေးမယ်လို့ ပြောကြာချင်ပါတယ်” ဟု Pakokku People Defense Force (PPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article