26 C
Yangon

ကလေးမြို ရှိ စစ်တပ်တပ်စွဲထားသော ဆည်မြောင်းရုံးနှင့် သစ်တောရုံးမီးလောင်ပြာကျ၊ စစ်တပ်၏ မီးရှိမှု မြိုခံတချို ယူဆ

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ကလေးမြို ရှိ စစ်တပ်တပ်စွဲထားသော ဆည်မြောင်းရုံးနှင့် သစ်တောရုံးမီးလောင်ပြာကျသွားပြီး မီးရှိမှုမှာ စစ်တပ်၏လက်ချက်ဖြစ်ကြောင်း မြိုခံ ပြည်သူတချိုက ပြောဆိုကြသည်။

ယမန်နေ့ ည ၈ နာရီကျော်အချိန် ကလေးမြို၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ ၇ တွင်ရှိသော ဆည်မြောင်းနှင့် သစ်တောရုံး တို မီးလောင်ပြာကျခဲ့ကြောင်း၊ အဆိုပါ ရုံးများသည် စစ်တပ်တပ်စွဲထားသော ရုံးများဖြစ်ကြောင်း၊ စစ်တပ်က တမင်မီးရှိခြင်းဖြစ်ကြောင်း၊ ယင်းရုံးများ မီးလောင်မှုကို မီးသတ်တပ်ဖွဲကလည်း လာရောက် ငြိမ်းသတ်ခြင်းမရှိကြောင်း သိရှိရသည်။

“ဆည်မြောင်းရုံးမှာက စစ်တပ် တပ်စွဲထားတာရှိတယ်။ မီးသတ်လည်း လာမငြိမ်းဘူး။ ပြည်သူတွေက ဖုန်းဆက် အကြောင်းကြားတယ်။ သစ်တောရုံးလည်း ပြာကျတယ်။ စစ်တပ် လက်ချက်လို အားလုံးကတော့ ယူဆကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က မြိုနေရာအတော်များများကို မီးရှိဖျက်ဆီးပြီး တော်လှန် ရေးတပ်များအပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတိုပိုင်ဆိုင်သော ပစ္စည်းများကို သေချာစွာ ထုတ်ပိုးပြီး အခြေအနေကို အမြဲမပြတ် စောင့်ကြည့်သင့်ကြောင်း တော်လှန်ရေးရဲဘော်တချိုက သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article