25 C
Yangon

လက်ပံတန်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၆ ဦးသေဆုံး၊ ရွှေကျင်မြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

လက်ပံတန်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၆ ဦးသေဆုံး၊ ရွှေကျင်မြို့နယ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၈

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်၊ ငှက်ပျောတုန်းရွာ နှင့် ကျွန်းတောရွာ အကြား စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကောင်ကြောင်းနှင့် တော်လှန်ရေး ရဲဘော်များ ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းတိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် လက်ပံတန်းရွှေတန်းမြေအဖွဲ့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က တိုက်ပွဲ ထပ်ဖြစ်တာ စစ်ခွေး ၄ ကောင်လည်း ဒဏ်ရာရတယ်။ စစ်ခွေး သေတာ ကြားတာကတော့ ၁၆ ကောင်လို့ကြားတာ ၆ ကောင်ပဲ အတည်ပြုနိုင်တယ်။ အဲ စစ်ခွေး စစ်ကြောင်းက ရိုးမ အစပ်မှာ ရှိသေးတယ်။ ထပ်ပြီးတော့ တိုက်ပွဲ ဖြစ်လာမယ့်အနေအထားပါ။ သေတဲ့ အထဲမှာ ပျူတွေလည်း ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့က ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ၄င်းတို့၏ ထောက်တိုင် မှန်သမျှကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ လကယက်(လှည်းရပ်) စစ်ကောင်စီတပ်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA Nighthawks တပ်ဖွဲ့ထံက သိရသည်။

မတ်လ ၅ ရက်နေ့က ရွှေကျင်မြို့နယ်၊ လက်ယက်(လှည်းရပ်) စစ်ကောင်စီတပ်စခန်းကို ၁၂၀ မမ ၊ ဗုံးသီး ၃ လုံး၊ ၈၁ မမ ဗုံးသီး ၄ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ RPG ဗုံးသီး ၂ လုံး၊ ၄၀ မမ ဗုံဂသီး ၂ လုံးနှင့် မီးလောင်ဗုံး ၃ လုံးတို့ကို ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA Nighthawks အဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article