25 C
Yangon

ကနီမြိုနယ်တွင် စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု လူနေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်တွင် စစ်တပ်က ညအချိန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုများ လုပ်ဆောင်ရာ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

မတ်လ ၁၈ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်း ကနီမြိုနယ်အတွင်းသို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကနီမြိုနယ်အတွင်းရှိ တောင်ကိုးလုံးရွာ၊အုမ္မရွာ၊နတ်ကြီးရွာ အပါအဝင် ကျေးရွာ ၃ ခုကို စစ်ကောင်စီတပ်က ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။

“ကင်းထောက် လေယာဉ်က ရှေ့ကသွားပြီး နောက်က လေယာဉ်နဲ့ ဗုံးကျဲပစ်ခတ်တာတွေ လုပ်သွားတယ်။ ပထမအုမ္မရွာကို ည ၁၁နာရီ ကျော်အချိန် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံး ၃လုံးချတယ်။ ချတဲ့ ၃ လုံးက ရွာထဲမကျဘဲ ရွာအနီး မြစ်ကမ်း ဘေးက ကျွန်းပေါ်မှာ ကျတယ်။ လက်နက်အပိုင်းအစတွေလွင့်စင်ပြီး ရွာထဲကအိမ် ၁ လုံးအမိုး ပေါက်ပျက်စီးတယ်။တောင်ကိုးလုံးရွာကိုတော့ ည ၁နာရီကျော်မှာ လာပစ်တယ်။ အိမ်၄လုံး မီး လောင်ပြီး ၂ လုံးပျက်စီးတယ်။နတ်ကြီးရွာကိုတော့ ည ၂ နာရီကျော်မှာ ဗုံးကျဲတယ်။ လူမနေတဲ့အိမ်တစ်လုံးပျက်စီးတယ်။ လူထိခိုက်မှုကတော့ ၃ရွာစလုံးမှာမရှိခဲ့ဘူး” ဟု ကနီမြိုနယ်ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။

မတ်လ၅ ရက်နေ့ကလည်း စစ်တပ်က ကနီမြိုနယ် တောင်ကိုးလုံးရွာကို အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် လူနေအိမ် ၄လုံး နှင့် နွားတစ်ကောင် သေကြေပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article